လားရှိုးရှိ စစ်ကောင်စီတပ်စခန်း TNLA ထပ်မံသိမ်းပိုက်

လားရှိုးရှိ စစ်ကောင်စီတပ်စခန်း TNLA ထပ်မံသိမ်းပိုက်
အောက်တိုဘာ 28, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ တိန်တန်တပ်စခန်းကို ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

လာရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကို TNLAက တိုက်ခိုက်ခဲ့ရာ နေ့လယ်ပိုင်းတွင် တိန်တန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLAက ဆိုသည်။

တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ သေနတ် (၁၄)လက်၊ RPG (၁)လက်၊  ၆၀ မမ (၂)လက်၊ စက်လက်အကြီး (၁)လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ RPG ကျည်-၃၀ လုံး၊ ၆၀မမ ကျည် (၅၀)လုံး၊ မိုင်းနှင့် ကျည်ဆံမြောက်များစွာ စသည့်စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) (၃)ခုတို့ကို ယင်းနေ့တွင်ပင် TNLAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ကောင်စီအလောင်း (၁၈)လောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်။ 

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု (၁၂)ကြိမ်၊  ၁၂၀/၁၀၅ ဟောင်ဝေဇာအမြောက်ဖြင့် (၁၂)ကြိမ်ဖြင့် တိုက်ပွဲဖြစ်သည့်နေရာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : News & Information Department