စစ်ကောင်စီတပ်၏ ပစ်ခတ်ဖြိုခွင်းကြောင့် ညာလက်ဆုံးရှုံးပြီး ညာမျက်လုံးယမ်းစထိမှန်ခဲ့ရသည့် မြို့ပြအင်ဂျင်နီယာကျောင်းသား မောင်လျှံဖြိုးအောင် ပြန်လွတ်၊ ဦးဇင်းပုရစ်လည်း ပြန်လွတ်

စစ်ကောင်စီတပ်၏ ပစ်ခတ်ဖြိုခွင်းကြောင့် ညာလက်ဆုံးရှုံးပြီး ညာမျက်လုံးယမ်းစထိမှန်ခဲ့ရသည့် မြို့ပြအင်ဂျင်နီယာကျောင်းသား မောင်လျှံဖြိုးအောင် ပြန်လွတ်၊ ဦးဇင်းပုရစ်လည်း ပြန်လွတ်

 စစ်တပ်အာဏာသိမ်းခြင်းကြောင့် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းရာတွင် ညာဘက် လက်တစ်ဖက် ဆုံးရှုံးပြီး ညာဘက်မျက်လုံးယမ်းစ ထိမှန်ခဲ့ရသည့် မြို့ပြအင်ဂျင်နီယာကျောင်းသား မောင်လျှံဖြိုးအောင် ၂၀၂၃ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင် ပြန်လည်လွတ် မြောက်လာကြောင်း သိရသည်။

၂၀၂၁ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် မကွေးနည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား မောင်လျှံဖြိုးအောင်သည် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးဆန္ဒပြနေချိန် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာ အပြင်းအထန်ရခဲ့ရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းကို စစ်ကောင်စီက နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်မှုဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ် ၃ နှစ် မတရားအမိန့်ချခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် မကွေးအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။ 

ဒါ့အပြင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတော် ဦးစန္ဒာသီရိ(ခေါ်)ဦးဇင်းပုရစ်သည်လည်း ယနေ့ဧပြီလ (၇)ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဆရာတော်ကို အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ကာ ထောင်ဒဏ်(၃)နှစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။