မူဆယ္ၿမိဳ႕နယ္အတြင္း ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးအမႈမွ သက္ေသခံ ဓါတုပစၥည္းမ်ားကို ဖ်က္ဆီး

မူဆယ္ၿမိဳ႕နယ္အတြင္း ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးအမႈမွ သက္ေသခံ ဓါတုပစၥည္းမ်ားကို ဖ်က္ဆီး
ဇွန် 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕နယ္တြင္ ၂၀၁၇ ခုႏွစ္အတြင္း ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါး အမႈမ်ားမွ သက္ေသခံပစၥည္းမ်ားျဖစ္သည့္ ထိန္းခ်ဳပ္ဓါတုပစၥည္းမ်ားအား ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၄) ရက္ေန႔ နံနက္ပိုင္းတြင္ မူးယစ္ႏွိမ္ႏွင္းေရးတပ္ဖြဲ႕က မူဆယ္ၿမိဳ႕၌ သြန္ခ်ဖ်က္ဆီးလုိက္သည္။

မူဆယ္ၿမိဳ႕နယ္ ၁၀၅ မိုင္၊ မိုင္းယုေက်းရြာ ၁၀၅ မိုင္-ပန္ဆိုင္းလမ္းနံေဘးရွိ ေက်ာက္ေတာင္အနီးတြင္ ထိန္းခ်ဳပ္ ဓါတုပစၥည္းမ်ားျဖစ္ၾကသည့္ ဆာလဖ်ဴရစ္အက္ဆစ္ႏွင့္ ဟိုက္ဒရိုကလိုရစ္အက္ဆစ္ေပပါမ်ားအား သြန္ခ်ဖ်က္ဆီးခဲ့ျခင္း ျဖစ္သည္။

“မူးယစ္တပ္ဖြဲ႔ေတြနဲ႔ ရဲတပ္ဖြဲ႔ေတြ ပါဝင္ၿပီးေတာ့ အဲဒါေတြကို သြန္ခ်ဖ်က္ဆီးခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္မွာ မူဆယ္ၿမိဳ႕နယ္ထဲမွာပဲ ဒါမ်ိဳး တစ္ႀကိမ္ျပဳလုပ္ခဲ့ဖူးပါတယ္။ အခုက ဒုတိယ အႀကိမ္ ျဖစ္ပါတယ္”ဟု မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ ဒုရဲမွဴးေအးျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူဆယ္ၿမိဳ႕မရဲစခန္းတြင္ မယ (ပ)၁၀၉/၂၀၁၇၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၅/၁၆(ခ)/၂၁ ႏွင့္ မယ(ပ) ၁၁၀/၂၀၁၇ မွ ဥပေဒပုဒ္မ ၁၅/၁၆(ခ) တို႔ျဖင့္ အမႈဖြင့္လွစ္ထားရွိသည့္ အမႈဒ သက္ေသခံပစၥည္းမ်ားျဖစ္သည့္ ဟိုက္ဒရိုကလိုရစ္အက္ဆစ္ (၈၀၆၇၂.၄၃)လီတာႏွင့္ ဆာလဖ်ဴရစ္အက္ဆစ္ (၆၉၉၈.၂၅) လီတာတို႔ကို ဖ်က္ဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဓါတုပစၥည္းမ်ား ဖ်က္ဆီးျခင္းကို မူးယစ္တပ္ဖြဲ႔က ဦးေဆာင္၍ လံုထန္၊ ေကာင္းခါး၊ ဆမ္ေက်ာ့ ျပည္သူ႔စစ္အဖြဲ႔မ်ားႏွင့္ မူဆယ္ၿမိဳ႕နယ္အတြင္းရွိ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ဝင္မ်ား ပူးေပါင္း ေဆာင္ရြက္ခဲ့ၾကသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး အမှုများမှ သက်သေခံပစ္စည်းများဖြစ်သည့် ထိန်းချုပ်ဓာတုပစ္စည်းများအား ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့က မူဆယ်မြို့၌ သွန်ချဖျက်ဆီးလိုက်သည်။

မူဆယ်မြို့နယ် ၁၀၅ မိုင်၊ မိုင်းယုကျေးရွာ ၁၀၅ မိုင်-ပန်ဆိုင်းလမ်းနံဘေးရှိ ကျောက်တောင်အနီးတွင် ထိန်းချုပ် ဓာတုပစ္စည်းများဖြစ်ကြသည့် ဆာလဖျူရစ်အက်ဆစ်နှင့် ဟိုက်ဒရိုကလိုရစ်အက်ဆစ်ပေပါများအား သွန်ချဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“မူးယစ်တပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေ ပါဝင်ပြီးတော့ အဲဒါတွေကို သွန်ချဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ မူဆယ်မြို့နယ်ထဲမှာပဲ ဒါမျိုး တစ်ကြိမ်ပြုလုပ်ခဲ့ဖူးပါတယ်။ အခုက ဒုတိယ အကြိမ် ဖြစ်ပါတယ်”ဟု မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးအေးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ်မြို့မရဲစခန်းတွင် မယ (ပ)၁၀၉/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ခ)/၂၁ နှင့် မယ(ပ) ၁၁၀/၂၀၁၇ မှ ဥပဒေပုဒ်မ ၁၅/၁၆(ခ) တို့ဖြင့် အမှုဖွင့်လှစ်ထားရှိသည့် အမှုဒ သက်သေခံပစ္စည်းများဖြစ်သည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၈၀၆၇၂.၄၃)လီတာနှင့် ဆာလဖျူရစ်အက်ဆစ် (၆၉၉၈.၂၅) လီတာတို့ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတုပစ္စည်းများ ဖျက်ဆီးခြင်းကို မူးယစ်တပ်ဖွဲ့က ဦးဆောင်၍ လုံထန်၊ ကောင်းခါး၊ ဆမ်ကျော့ ပြည်သူ့စစ်အဖွဲ့များနှင့် မူဆယ်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~