လှိုင်သာယာမြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်(၃)စီးကို ဗုံးခွဲ တိုက်ခိုက်

လှိုင်သာယာမြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်(၃)စီးကို ဗုံးခွဲ တိုက်ခိုက်
ဖေဖော်ဝါရီ 5, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အောက်ထိပ်မှတ်တိုင်အနီးတွင် ကင်းလှည့်‌နေ့သည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကား(၃)စီး ယနေ့ဖေဖော်ဝါရီလ(၄)ရက်၊ ညနေပိုင်းက ဗုံးခွဲခံရသဖြင့်  သေဆုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကားလာမယ့် လမ်းကြောင်းကို  ဗုံး (၃)လုံး ကြိုတင်စီစဉ်ပြီး From Zero To Hero(ZTH) နှင့် Spring Revolution Flames(SRF) မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့မှပူးပေါင်း ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီကားနောက်ဆုံးတစ်စီးမှာ ပိုမိုထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေကြောင်း သိရသည်။

၎င်းအဖွဲ့များအ‌နေဖြင့် ယခုထက်ပိုပြီးတော်လှန်ရေး အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိသည်။