ဝေါ်လေတိုက်ပွဲနေရာကို နယ်မြေရှင်းလင်းရာမှ အာဏာသိမ်းတပ်၏ စစ်သုံးပစ္စည်းနှင့် လက်နက်များ သိမ်းဆည်းရမိ

Photo: Cobra Column
Photo: Cobra Column
ဝေါ်လေတိုက်ပွဲနေရာကို နယ်မြေရှင်းလင်းရာမှ အာဏာသိမ်းတပ်၏ စစ်သုံးပစ္စည်းနှင့် လက်နက်များ သိမ်းဆည်းရမိ

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် ဝေါ်လေတိုက်ပွဲနေရာကို ယနေ့ ၂၀၂၂ ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် နယ်မြေရှင်းလင်းရေးလုပ်ရာ အာဏာသိမ်းတပ်၏ လက်နက်နှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရမိကြောင်း Cobra စစ်ကြောင်းက ယနေ့ မတ်လ(၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ယမန်နေ့က တိုက်ပွဲအတွင်း အာဏာသိမ်းတပ်ဘက်မှ (၆၁) ဦး သေသည်ဟု သတင်းများထွက်ခဲ့ရာ ယနေ့ သိမ်းဆည်းရမိသည့် စစ်လက်နက်ပစ္စည်းများ၊ တွေ့ရှိရသည့် အနေအထားများအရ အဆိုပါသေဆုံးအရေအတွက်ကို အတည်ပြုနိုင်ခဲ့သည်ဟု Cobra က သတင်းထုတ်ပြန်သည်။

Cobra စစ်ကြောင်းက နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။



ယမန်နေ့က မြဝတီမြို့တောင်ဘက်ရှိ ဖလူးဒေသဘက်မှ ဝေါ်လေဘက်သို့ စစ်ကူတက်လာသည့် အာဏာသိမ်းစစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့်ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency