ကလေးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီအတွက် အခွန်ကောက်ခံပေးနေသည့် ဌာနများ ရပ်တန်းက ရပ်ရန် PDF သတိပေး

Photo: People's Defence Force (Kalay)
Photo: People's Defence Force (Kalay)
ကလေးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီအတွက် အခွန်ကောက်ခံပေးနေသည့် ဌာနများ ရပ်တန်းက ရပ်ရန် PDF သတိပေး
ဇန်နဝါရီ 25, 2022 | အခြားဒေသများ

အာဏာသိမ်း စစ်ကောင်စီကို ဝင်ငွေရရှိစေရန် ဆောင်ရွက်ပေးနေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အစိုးရရုံးများအနေဖြင့် ပြည်သူ့ထံမှ အဓမ္မ အခွန်ကောက်ခံခြင်း ရပ်တန်းက ရပ်ရန် ကလေး PDF က ယနေ့ ဇန်နဝါရီလ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ကလေးမြို့နယ်အတွင်းရှိ၊ လျှပ်စစ်ရုံး၊ စည်ပင်၊ အခွန်၊ ထွေအုပ်၊ ဘဏ်များ အပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ရေးယန္တရား တွင် ပါဝင်ကာ အလုပ်ကျွေးပြုနေသော ဌာနဆိုင်ရာ တာဝန်ရှိသူများ အားလုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူလူထုအပေါ် အခွန်အခများ အဓမ္မကောက်ခံခြင်း၊ ယခင်တရားဝင် အစိုးရလက်ထက်၌ ထုတ်ပေးခဲ့သော ချေးငွေများကို ပြန်လည်ပေးသွင်းရန် အတင်းအကြပ် ဖိအားပေးခြင်း၊ လုပ်ငန်းလိုင်စင်နှင့် တင်ဒါခေါ်ယူခြင်းများကို ရပ်တန်းကရပ်ရန် သတိပေးထားသည်။

ယနေ့မှစ၍ အာဏာအကြမ်းဖက်စစ်ကောင်စီအား ဝင်ငွေရရှိစေရန် တနည်းနည်းဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေပါက သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်သူအားလုံးကို ပြင်းထန်စွာအရေးယူတုန့်ပြန်သွားရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။