ရှမ်းမြောက်စစ်ကူပို့နိုင်သည့် သံချပ်ကာကားပါ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း ပြင်ဦးလွင်အထွက်တွင်တွေ့ရှိ

ရှမ်းမြောက်စစ်ကူပို့နိုင်သည့် သံချပ်ကာကားပါ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း ပြင်ဦးလွင်အထွက်တွင်တွေ့ရှိ
နိုဝင်ဘာ 1, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့အဝင် နောင်ချိုမြို့အထွက်  ပြည်ချစ်ဘုရားအနီးလမ်းပေါ် တွင် စစ်ကောင်စီတပ်ဖွဲ့မှ သံချပ်ကာကား၊ ကားကြီးများနှင့် ရိက္ခာတင်ကားများပါဝင်သည့်ယာဉ်တန်းကို ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

အဆိုပါယာဉ်တန်းသည် ရှမ်းမြောက်သို့ စစ်ကူပို့မည့်ယာဉ်တန်းဟု ပြောဆိုသော်လည်း Tachileik News Agencyအနေဖြင့် သီးခြား အတည်မပြုနိုင်ပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ်တပ်များက အောက်တိုဘာလ (၂၇)ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး ကြေညာခဲ့ပြီးနောက် (၅)ရက်အတွင်း စစ်ကောင်စီတပ်စခန်း(၈၀)ကျော်နှင့် မြို့(၃)မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

ထို့အပြင် တိုက်ပွဲများမှာ ပြင်ဦးလွင်မြို့အနီးသို့ နီးကပ်လာနေသဖြင့် ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ(ပိတ်ချင်းမြောင်)တွင် စစ်ကောင်စီတပ်က အင်အားအများအပြား တိုးမြှင့်ချထားသည်ဟုလည်း သိရသည်။

နောင်ချိုမြို့နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့အကြားရှိ သံဘိုရွာတွင် မဟာမိတ်တပ်ဖွဲ့များပူးပေါင်း PDFတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

#TachileikNewsAgency