အမျိုးသားတစ်ဦးက ကွယ်လွန်သူမိခင်၏ အရိုးပြာကို ဒေါ်လာ (၃၀) ဖြင့် Facebook ပေါ်တွင် ရောင်းချ

အမျိုးသားတစ်ဦးက ကွယ်လွန်သူမိခင်၏ အရိုးပြာကို ဒေါ်လာ (၃၀) ဖြင့် Facebook ပေါ်တွင် ရောင်းချ
အောက်တိုဘာ 14, 2023 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံတွင် အမျိုးသားတစ်ဦးက ကွယ်လွန်သူမိခင်၏ အရိုးပြာကို Facebook Marketplace ပေါ်တွင် ရောင်းချခဲ့ရာ လူသိများသော TikTok အသုံးပြုသူ စုံတွဲတစ်တွဲက ဝယ်ယူခဲ့သည်။ 

TikToker များဖြစ်သည့် Lauren Eliza နှင့် Mark တို့က မိခင်၏ အရိုးပြာကို Facebook ပေါ်တင်၍ ရောင်းချနေသူကို စုံစမ်းကာ အမေရိကန်ဒေါ်လာ (၃၀) ဖြင့် ဝယ်ယူခဲ့သည်။

မိခင်၏ အရိုးပြာကို ရောင်းချမည်ဟု ကြော်ငြာထားမှုကို Mark က ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ပထမဆုံး တွေ့ရှိခဲ့သည်။ 

ရောင်းချသူက ၎င်း၏မိခင် အရိုးပြာ (၂) အောင်စကို ဒေါ်လာ (၃၀) ဖြင့် ရောင်းချနေပြီး ဝယ်ယူသူက ပို့ဆောင်ခ ကျခံရမည်ဟု ဆိုသည်။ 

ဝယ်ယူသူအနေဖြင့် မီးသင်္ဂြိုဟ်မှု အထောက်အထား လက်မှတ်ကိုလည်း ရရှိမည်ဟု အရိုးပြာရောင်းသူက ပြောထားသည်။

သို့သော် အရိုးပြာ၏ နောက်ခံအကြောင်းကိုမူ (၅) ဒေါ်လာဖြင့် သီးခြား ရောင်းမည်ဟု ဆိုသည်။ 

အရိုးပြာထည့်ထားသော ဖန်ပုလင်းငယ် လက်ခံရရှိမှုကို Lauren က TikTok တွင် ပို့စ်တင်ထားသည်။ 

Facebook Marketplace ကနေ အရိုးပြာကို ဝယ်ယူခြင်းမှာ တရားဝင်ဖြစ်သည်ဟုလည်း Lauren က ဆိုသည်။

 Law.com ၏ အဆိုအရ အမေရိကန်တွင် လူ့အကြွင်းကျန်များ ရောင်းချခြင်းကို တားမြစ်ထားသည့် ဥပဒေမရှိကြောင်း သိရသည်။

#TachileikNewsAgency

Source: NY Post