မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ကို CDFမင်းတပ်က နှစ်ကြိမ်တိုက်ခိုက်

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ကို CDFမင်းတပ်က နှစ်ကြိမ်တိုက်ခိုက်

ချင်းပြည်နယ် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် သစ်တောဝိုင်းအနီးတွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ယနေ့  ၂၀၂၃ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်က တိုက်ခိုက်ခဲ့ကြောင်း CDF-Mindatထံမှ သိရသည်။

စစ်ကောင်စီတပ်သားနှင့် ရဲများပါသည့် ကားတစ်စီးအား CDF-Mindatက သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ၏ ကား၊ လက်နက်များကို အခြေအနေအရ သိမ်းဆည်းနိုင်ခြင်း မရှိခဲ့သော်လည်း စစ်ကောင်စီတပ်သားများသည် ဒဏ်ရာရလူနာများနှင့် အလောင်းများအား ကားဖြင့် ပြန်လည်သယ်ကာ ဆုတ်ခွါသွားကြောင်း သိရသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ် ခလရ(၂၇၄)အနီး (၄)မိုင်ကုန်းရှိ စစ်ကောင်စီတပ်သားများကို CDF-Mindat က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : CDF Mindat