နာရေးတစ်ခု၏ ရက်လည်တရားနာအလှူ ပြုလုပ်နေစဉ် စစ်ကောင်စီတပ် နှင့် ပျူစောထီးများက ဝင်ရောက်ပစ်ခတ်၍ ကလေး(၂)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရ

  Photo: ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
  Photo: ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
နာရေးတစ်ခု၏ ရက်လည်တရားနာအလှူ ပြုလုပ်နေစဉ် စစ်ကောင်စီတပ် နှင့် ပျူစောထီးများက ဝင်ရောက်ပစ်ခတ်၍ ကလေး(၂)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရ

 စစ်ကိုင်းတိုင်း၊  ယင်းမာပင်မြို့နယ်တွင် နာရေးတစ်ခု၏ ရက်လည်တရားအလှူ ပြုလုပ်နေစဉ်  စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပစ်ခတ်သဖြင့် ကလေး ( ၂ )ဦး ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ မေလ (၁၂)ရက်နေ့တွင် ဘန့်ဘွေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဘန့်ဘွေးရွာအနောက်မြောက်အရပ် မယ်ဇောတောပြင်သို့ အရောက်တွင် နာရေးတစ်ခု၏ ရက်လည်တရားအလှူ ပြုလုပ်နေသည့် နေရာကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရသဖြင့် အသက်မပြည့်သေးသော ကလေးငယ် ( ၂ )ဦး သေဆုံးကာ (၅ )ဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများမှာ အသက် (၁၂) နှစ်အရွယ် မိန်းကလေး နှင့် အသက်(၁၆)နှစ်အရွယ် မိန်းကလေးတို့ ဖြစ်ကြောင်း သိရသည်။ 

ဒါအပြင် လသားအရွယ်ကလေးတစ်ဦးမှာ မျက်လုံးပွင့်ထွက်သွားပြီး (၅) ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းစစ်ကြောင်းသည် သင့်ဝင်ကျေးရွာနှင့် မင်းမကျေး ရွာကြားတွင် ရောက်ရှိနေကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။