ပဲခူးမြစ်ရေပြန်ကျနေသော်လည်း အဝေးပြေးလမ်းများ ကားသွားလာရန်ခက်ခဲ

ပဲခူးမြစ်ရေပြန်ကျနေသော်လည်း အဝေးပြေးလမ်းများ ကားသွားလာရန်ခက်ခဲ
အောက်တိုဘာ 11, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးမြို့မြစ်ရေမှာ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းအခြေအနေအရ ကုန်းမြင့်ပိုင်းများတွင် ရေကျဆင်းနေပြီဖြစ်ပြီး မြေနိမ့်ပိုင်းများတွင် ရေကျန်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ဇိုင်းတောင်၊ ဇိုင်းမြောက်၊ ကလျာဏီ အဲဘက်တွေကတော့ ရေကျန်သေးတယ်။ သနပ်ပင်-ပဲခူးလမ်း၊ အနောက်ဘက်မုဒ်ဘုရားလမ်း၊ ကျောက်တွင်းကုန်းလမ်းစုံတွေမှာ ဒူးခေါင်းလောက်ကျတယ်။ ဘောနက်ကြီးဘက်လည်း ရေကျန်သေးတယ်။ ကျောက်တွင်းကုန်းလမ်းစုံမှာတော့ ရေနည်းနည်းကျန်သေးလို့ ကားတွေလည်း ပိတ်မိနေတယ်။  မှော်ကန်ဘက်မှာ ခြေမျက်စိလောက်ပဲရှိတော့တယ်။ မနေ့က ရင်ဆို့လောက်ရှိတာ။ ဈေးကြီးရှေ့လမ်းလည်း ရေကျနေပြီ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။ 

ပဲခူးမြစ်ရေသည် ပြီးခဲ့သည့် အောက်တိုဘာလ (၈)ရက်နေ့က စတင်ကာ ရေမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး မြစ်ရေပြန်လည်ကျဆင်းပြီးနောက် ဆန်ဂိုထောင်များ၊ စပါးခင်းများနှင့် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကာ လူအသေအပျောက်လည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

#TachileikNewsAgency

Photo : CJ