ဘုတလင်မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးနှင့်ပစ်ခတ်

ဘုတလင်မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးနှင့်ပစ်ခတ်
အောက်တိုဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့ ညနေပိုင်းက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Ba Thu Kyawal Columnတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်စခန်းနှင့်ကပ်လျက်ရှိ သပြေတောရွာကို သန်းခေါင်စာရင်းကောက်ယူနေသည့် အင်အား(၆ဝ)ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်များက လက်နက်ကြီး (၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်(၉)တပ်ရင်း၊ N.W.P.D.F၏ Ba Thu Kyawal Column၊ Anonymous Hero(LPDF)၊ ယုန်မင်း(LPDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၁)ရက်နေ့ကလည်း သန်းခေါင်စာရင်းကောက်ရန်ပြင်ဆင်နေသည့် ဘုတလင်မြို့ပေါ်ရှိ ထွေအုပ်ရုံးအား ယင်းမာပင်ခရိုင် အမှတ်(၉)တပ်ရင်း၊ N.W.P.D.F၏ Ba Thu Kyawal Columnမှ အမျိုးသမီးရဲမေများက လက်လုပ်(၁၂၀)မမ (၆)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency