ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က မသန်စွမ်းတစ်ဦးအား ပစ်သတ်သွားပြီးနောက် ရွာမီးရှို့မည်ဟု ခြိမ်းခြောက်စာရေး

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က မသန်စွမ်းတစ်ဦးအား ပစ်သတ်သွားပြီးနောက် ရွာမီးရှို့မည်ဟု ခြိမ်းခြောက်စာရေး
အောက်တိုဘာ 6, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့ကစတင်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က မသန်စွမ်းလူငယ်တစ်ဦးအား ပစ်သတ်ကာ ရွာမီးရှို့မည်ဟု ခြိမ်းခြောက်စာရေးသားသွားကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ ကျားဘီလူးစစ်ကြောင်းယာဥ်တန်း ဖြတ်သန်းသွားလာစဥ် ရွှေသမင်ရွာမှ မသန်စွမ်းအရပ်သားတစ်ဦးအား ပစ်သတ်ကာ အလောင်းအား စွန့်ပစ်ထားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်ကာ ပုလဲမြို့နယ်သို့ ထပ်မံစစ်ကြောင်းထိုးသွားသဖြင့် ပုလဲနယ် ကျေးရွာများမှ ဒေသခံထောင်ချီလည်း ယမန်နေ့ညနေပိုင်းက ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်ဟု သိရသည်။

သေဆုံးသူမှာ အသက်(၃၈)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ယဥ်တန်းသွားရာ လမ်းတစ်လျှောက်ရှိကျေးရွာများအား မွှေနှောက်ကာ ပစ္စည်းများ ယူဆောင်သွားပြီး အရပ်သားများကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ 

မသန်စွမ်းအရပ်သားအား ပစ်သတ်သွားစဉ် စစ်ကောင်စီတပ်ဖွဲ့က မကြာတော့ဘူး မျက်ဝါးထင်ထင် ပြာပုံမြင်ရတော့မယ်ဟု စာရေးသားသွားခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရသည်။

#TachileikNewsAgency

Photo : အညာပစ်တိုင်းထောင်လေးများ