နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်ပစ်

နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်ပစ်
ဖေဖော်ဝါရီ 1, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်အင်အား (၃၀)ကျော်ရှိသည့်  စစ်ဆေးရေးဂိတ်အား OPRF-PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုမှ စစ်ဆေးရေးဂိတ်အနီးသို့ ဝင်ရောက်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အပြန်အလှန်ပစ်ခတ်ပြီး OPRF-PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုမှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ဆိုသည်။

၎င်းတိုက်ခိုက်မှုသည် စစ်တပ်အာဏာသိမ်းမှု (၃)နှစ်ပြည့်အကြိုအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု OPRF- PLAက ထုတ်ပြန်ထားသည်။

#TachileikNewsAgency