ယူကရိန်းနှင့် ရုရှား လေကြောင်းပိုင်နက်ပိတ်လိုက်သဖြင့် ခရီးသည်တင်လေယာဉ်များ ဥရောပမှ ပတ်သွားနေ

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ရုရှား - ယူကရိန်း လေပိုင်နက်ကိုရှောင်၍ ပျံသန်းနေကြစဉ် [ 24.2.2022 ညနေပိုင်းတွင် တွေ့ရသည် ]

ဖေဖော်ဝါရီ 24, 2022 | နိုင်ငံတကာသတင်း
By Tachileik News Agency

ရုရှားနိုင်ငံက ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် ယူကရိန်းကို စတင်ပစ်ခတ်ပြီးနောက် လေကြောင်းပိုင်နက်များ ပိတ်လိုက်သဖြင့် ခရီးသည်တင်လေယာဉ်များ ဥရောပဘက်မှ ပတ်သွားနေကြရကြောင်း သိရသည်။

ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှုကို စတင်လိုက်ပြီး ယူကရိန်းက နိုင်ငံအရေးပေါ်အခြေအနေကြေညာထားကာ ယူကရိန်းနိုင်ရမည်ဟု ကြွေးကြော်ထားသည်။

နိုင်ငံအသီးသီးကလည်း ၎င်းတို့၏နိုင်ငံသားများ ယူကရိန်းမှ ချက်ချင်းထွက်ခွာကြရန် သတိပေးနေကြသည်။

ရုရှားနှင့် ယူကရိန်းတို့ကလည်း မိမိတို့နိုင်ငံသားများ တစ်ဖက်နိုင်ငံမှ အမြန်ဆုံး ထွက်ခွာကြရန်ကိုလည်း အသီးသီး သတိပေးထားကြသည်။