တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်ဖြတ်ကျော် ကျည်ဆန်ရထားလမ်း စတင်ဖွင့်လှစ်

တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်ဖြတ်ကျော် ကျည်ဆန်ရထားလမ်း စတင်ဖွင့်လှစ်
စက်တင်ဘာ 30, 2023 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်ဖြတ်ကျော် မြန်နှုန်းမြင့် ကျည်ဆန်ရထားလမ်းကို  ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

တရုတ်အရှေ့တောင်ပိုင်း ကမ်းရိုးတန်းတစ်လျှောက် (၁၇၂) မိုင် ရှည်လျားသည့် မြန်နှုန်းမြင့် ရထားလမ်းက ဖူဂျီအန်းပြည်နယ်အတွင်းရှိ Zhangzhou ၊ Xiamen နှင့် Fuzhou မြို့များကို ဆက်သွယ်ထားသည်။

အဆိုပါ ရထားလမ်းပေါ်တွင် အမြင့်ဆုံး အမြန်နှုန်း တစ်နာရီလျှင် (၂၁၈) မိုင်ဖြင့် ကျည်ဆန်ရထားများ ခုတ်မောင်းသွားလာနိုင်ကြောင်း နိုင်ငံပိုင် China Railway ကုမ္ပဏီက ဆိုသည်။

မြန်နှုန်းမြင့် ရထားလမ်းသစ်ပေါ် ပြေးဆွဲသော ပထမဆုံး ကျည်ဆန်ရထားမှာ ဖူဂျီအန်းပြည်နယ်၏ မြို့တော် Fuzhou မြို့မှ စက်တင်ဘာလ (၂၈) ရက်နေ့ နံနက် (၉) နာရီ (၁၅) မိနစ်တွင် ထွက်ခွာခဲ့သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့က ဖွင့်လှစ်လိုက်သည့် မြန်နှုန်းမြင့် ရထားလမ်းတစ်လျှောက် တံတား (၈၇) စင်းနှင့် ဥမင် (၂၉) ခု ပါရှိကြောင်းနှင့် (၁၂) မိုင် ရှည်လျားသော ရထားလမ်းပိုင်းတွင် ပင်လယ်ရေပြင်ပေါ်မှ ဖြတ်သန်းသွားခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်ဖြတ်ကျော် ကျည်ဆန်ရထားလမ်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းမှာ တရုတ်အစိုးရက ၂၀၁၆ ခုနှစ်တွင် ကြေညာခဲ့သည့် အခြေခံ အဆောက်အအုံ အများအပြားအနက်မှ တစ်ခုဖြစ်သည်။

 

Source: CNN, Reuters