မြန်မာ့နိုင်ငံအခြေအနေနှင့်ပတ်သက်၍ မတ်လ(၂)ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမည်

မြန်မာ့နိုင်ငံအခြေအနေနှင့်ပတ်သက်၍ မတ်လ(၂)ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမည်
ဖေဖော်ဝါရီ 27, 2021 | နိုင်ငံတကာသတင်း

မြန်မာ့နိုင်ငံအခြေအနေနှင့်ပတ်သက်၍ မတ်လ(၂)ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမည်

 

စစ်အာဏာသိမ်းခံထားရသည့် မြန်မာ့နိုင်ငံအခြေအနေနှင့်ပတ်သက်၍ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ ၂၀၂၁ ခုနှစ်၊ မတ်လ (၂) ရက်နေ့၌ ဆွေး‌နွေးကြမည်ဖြစ်ကြောင်း အာဆီယံသံတမန်သတင်းရင်းမြစ်ကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းတွင် ဖေါ်ပြထားသည်။



အဆိုပါ အစည်းအ‌‌ဝေးမှာ မြန်မာနိုင်ငံတွင် ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဖမ်းဆီးပြီး နိုင်ငံတော်အာဏာသိမ်းလိုက်ပြီးနောက် အာဆီယံနိုင်ငံများက မြန်မာ့အရေးပထမဆုံးအကြိမ်ဆွေးနွေးမှုဖြစ်သည်။



အဆိုပါအစည်းအဝေးသို့ အာဏာသိမ်းစစ်ကောင်စီကခန့်ထားသည့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ဖွယ်ရှိသည်ဟု အာဆီယံသံတမန်သတင်းရင်းမြစ်ကို ကိုးကား၍ ဖေါ်ပြထားသည်။

အစည်းအဝေးသို့ အချို့သော နိုင်ငံခြားရေးဝန်ကြီးများက အွန်လိုင်းမှ တက်ရောက်မည်ဟုလည်း သိရသည်။



မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေး အာဆီယံနိုင်ငံများဆွေးနွေးရေးကို ဦးဆောင်လှုပ်ရှားနေပြီး မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးမတိုင်မီ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲပြန်ကျင်းပပေးမည်ကို စောင့်ကြည့်ရန်သဘောထားမှတ်ချက် ထွက်ပေါ်လာသဖြင့် မြန်မာပြည်သူလူထုက သံရုံးရွေ့တွင် ဆန္ဒထုတ်ဖေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး မြန်မာပြည်ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။



ယင်းနောက် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်သည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် ဘန်ကောက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီး ဦးဝဏ္ဏမောင်လွင်အား ခရီးသွားလမ်းကြုံတွေ့ခဲ့သည့်သဘော ထုတ်ပြန်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာ့အာဏာသိမ်းကိစ္စနှင့်ပတ်သက်၍ လက်ရှိ အာဆီယံဥက္ကဌဖြစ်သူ ဘရူနိုင်းဒါရုဆလံနိုင်ငံ၊ စင်္ကာပူနိုင်ငံများသို့လည်း သွားရောက်တွေ့ဆုံထားခြင်းဖြစ်သည်။



အာဏာသိမ်းစစ်တပ်ကို ပံ့ပိုးနေသည်ဟု ဝေဖန်ခံရသည့် တရုတ်နိုင်ငံကလည်း မြန်မာ့အရေး အာဆီယံနိုင်ငံများ ဆွေးနွေးခြင်းကသင့်လျော်သည်ဟု သဘောထားထုတ်ဖေါ်ထားသည်။



Tachileik News Agency

Source: bangkokpost