ချင်းတွင်းမြစ်မှသယ်လာသည့် စစ်အုပ်စုထုတ် ဘီယာများ ဖမ်းဆီးရရှိသဖြင့် ဖျက်ဆီး

ချင်းတွင်းမြစ်မှသယ်လာသည့် စစ်အုပ်စုထုတ် ဘီယာများ ဖမ်းဆီးရရှိသဖြင့် ဖျက်ဆီး
စက်တင်ဘာ 26, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် စစ်အုပ်စုထုတ် ဒဂုံဘီယာများကို ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့က ဖမ်းဆီးရမိခဲ့သဖြင့် ဖျက်ဆီးခဲ့ကြောင်း ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ စက်တင်ဘာလ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ချင်းတွင်းမြစ်အတွင်းမှ စက်လှေဖြင့်သယ်ဆောင်လာသည့် စစ်အုပ်စုထုတ် ဒဂုံဘီယာ ဖာ(၈၀၀)ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ‌စက်လှေ မောင်းသမားအား နောက်နောင် စစ်အုပ်စုထုတ်ကုန်များ သယ်ယူပို့ဆောင်ခြင်းမပြုလုပ်ရန် အသိပညာပေးခဲ့ပြီး ဆက်လက်သယ်ဆောင်နေပါက အရေးယူမည်ဟုပြောဆိုခဲ့ကြောင်း ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

တော်လှန်ရေးအဖွဲ့က စစ်အုပ်စုထုတ်ကုန်များသည် ပြည်သူကိုသတ်ရာတွင် အသုံးပြုသည့် ကျည်များ ဖြည့်တင်းရန်အတွက်ဖြစ်သဖြင့် ဝယ်ယူ၊ ရောင်းချခြင်းများမပြုလုပ်ရန်နှင့် သပိတ်မှောက်ကြရန် တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo :ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့