ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စစ်ကောင်စီက ထုတ်ပယ်၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်‌ဘက်‌ပြောင်းပြီး စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် အနားပေးခံရ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စစ်ကောင်စီက ထုတ်ပယ်၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်‌ဘက်‌ပြောင်းပြီး စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် အနားပေးခံရ
စက်တင်ဘာ 25, 2023 | 2021 Military Coup

စစ်ကောင်စီသည် အဂတိမှုများဖြင့် စစ်ဆေးနေသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ကောင်စီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုလည်း စစ်ဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်တို့သည် စစ်ကောင်စီတွင် ပါဝင်တော့ခြင်းမရှိတော့သည်ကို တွေ့ရသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုမူ ပြန်လည်ခန့်အပ် တာဝန်ပေးခြင်းမတွေ့ရသော်လည်း အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ထားသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်ဘက်မူလရာထူးတာဝန်များ ပြန်လည်ထမ်းဆောင်စေကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် အဂတိမှုတွင်ပါဝင်နေသည့် စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးညွန့်အောင်ကိုလည်း ရာထူးမှ အနားပေးလိုက်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency