ကလေးပုံဖြစ်နေ၍ အလုပ်ရှာမရဖြစ်နေသည့် အသက်(၂၇)အရွယ် တရုတ်အမျိုးသား

အသက် (၂၇) နှစ်ရှိပြီဖြစ်သူ Mao Sheng
အသက် (၂၇) နှစ်ရှိပြီဖြစ်သူ Mao Sheng
ကလေးပုံဖြစ်နေ၍ အလုပ်ရှာမရဖြစ်နေသည့် အသက်(၂၇)အရွယ် တရုတ်အမျိုးသား
By Mr John

လက်ရှိအသက်ထက် ငယ်ရွယ်နေ၍ အလုပ်ရှာမရဖြစ်သည့် အသက်(၂၇)အရွယ် တရုတ်အမျိုးသား

တရုတ်နိုင်ငံတွင် အလုပ်တစ်ခုရရန် အသည်းအသန် ရှာဖွေနေသည့် အလုပ်လက်မဲ့ အမျိုးသားတစ်ဦးမှာ ၎င်း၏ရုပ်ရည်သွင်ပြင်က အသက် (၁၂) နှစ်သားနှင့်တူနေတာကြောင့် အလုပ်အင်တာဗျူးဖြေဆိုတိုင်း မအောင်မြင်ခဲ့ဟု ဆိုသည်။ 

အမှန်တကယ်မှာ အသက် (၂၇) နှစ်ရှိပြီဖြစ်သူ Mao Sheng က မိသားစုကို ကြည့်ရှုစောင့်ရှောက်ရန် ငွေရှာချင်နေသော်လည်း ကံမကောင်းခဲ့ပေ။



ထိုသို့ အလုပ်ရှာမရခြင်းမှာ ၎င်း၏အသက်ထက် ရုပ်ရည်သွင်ပြင်က များစွာပိုငယ်နေပုံပေါက်နေခြင်းကြောင့်ဟု Mao က ယုံကြည်ပြီးနောက် TikTok ဗီဒီယိုတစ်ခု ဖန်တီးကာ စိတ်ပျက်နေမှုကို ဖွင့်ဟပြောခဲ့သည်။ 

Oddity Central သတင်းဌာန၏ အဆိုအရ Mao နှင့် နီးစပ်သူအများအပြားကလည်း ၎င်း၏ပုံစံမှာ အသက် (၁၀) နှစ်ကျော်အရွယ်အတိုင်းသာ ဖြစ်နေသည်ဟု ပြောကြသည်။

သို့သော် Mao ကမူ ထိုသို့ ငယ်ရွယ်နုပျိုပုံပေါက်နေသည့် ရုပ်ရည်သွင်ပြင်မှာ လက်ဆောင်တစ်ခု မဟုတ်ကြောင်းနှင့် အလုပ်ရှင်များက ၎င်း၏အသက်ကို လုံးဝ မယုံကြည်ကြဘဲ အစိုးရအေးဂျင့်တစ်ဦးသာဖြစ်ပြီး ကလေးလုပ်သား စည်းမျဥ်းစည်းကမ်း ချိုးဖောက်ခြင်းရှိ မရှိ ကုမ္ပဏီများကို အသွင်ယူထောက်လှမ်းခြင်းဖြစ်သည် ယူဆလေ့ရှိကြကြောင်း ဖွင့်ဟခဲ့သည်။

နောက်ဆုံးတွင်မူ Mao က TikTok ဗီဒီယိုတစ်ခု ဖန်တီးပြီး မကြာသေးမီက လေဖြတ်သွားသော ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရန် အလုပ်လိုနေကြောင်း ၎င်း၏အဖြစ်ကို ရှင်းပြခဲ့သည်။ 

ထိုဗီဒီယိုကို တရုတ်နိုင်ငံ Dongguan မြို့ရှိ သတင်းဌာနတစ်ခုက ဖော်ပြခဲ့ရာမှ အလုပ်ရှင်တစ်ဦးက တွေ့မြင်သွားခဲပြီး ယခုအခါ Mao တစ်ယောက် အလုပ်ရနေပြီဟု ဆိုသည်။

#TachileikNewsAgency

Source: Mirror