စစ်တွေမြို့တွင် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး

စစ်တွေမြို့တွင် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး
စက်တင်ဘာ 15, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် စစ်တွေမြို့ ကျောင်းကြီးလမ်းရပ်ကွက်ရှိ စစ်ကောင်စီပြည်နယ်ရုံးအနီးတွင် ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး လူမှုကူညီရေးယာဉ်ဖြင့် သယ်ယူရန်လုပ်ဆောင်နေကာ မည်သည့်အတွက်ကြောင့် ပစ်ခတ်မှုဖြစ်သည်ကိုမူ မသိရသေးပါ။ 

“အချင်းချင်းပစ်ခတ်ကြတာလို့လည်း ကြားတယ်။ တပ်ပြေးကို လိုက်ဖမ်းတာလို့လည်း ကြားတယ်။ အတိတကျတော့ မသိရသေးဘူး။ ပစ်ခတ်မှုဖြစ်တာကတော့ ဟုတ်တယ်။”ဟု စစ်တွေမြို့ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုသည် စစ်ကောင်စီပြည်နယ်ရုံးနှင့် ကြေးနန်းရုံးအနီး ကွမ်းယာဆိုင်ရှေ့တွင် ဆိုင်ကယ်ဖြင့်လာသူက ပစ်ခတ်သွားခြင်းဖြစ်ပြီး သေဆုံးသူမှာ မည်သူ၊ မည်ဝါဖြစ်ကြောင်း မသိရသေးဟု ဒေသခံများက ပြောဆိုသည်။

အသေးစိတ်အချက်အလက်ကို Tachileik News Agency အနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။

#TachileikNewsAgency