ကြာအင်းဆိပ်ကြီး ခလရ(၃၂)တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်း

ကြာအင်းဆိပ်ကြီး ခလရ(၃၂)တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်း
စက်တင်ဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် စစ်ကောင်စီတပ် လက်အောက်ခံ ခလရ(၃၂)တပ်ရင်းမှ တပ်သားတစ်ဦး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့က လက်နက်ခဲယမ်းများနှင့်အတူ KNU တပ်မဟာ (၆)၊ KNLA တပ်ရင်း (၁၇)၊ တပ်ခွဲ(၂)ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။

အဆိုပါတပ်သားမှာ စိုင်းဖြိုးအောင်(၂၂)နှစ်ဖြစ်ပြီး စစ်ကောင်စီတပ်၏ မတရား ဖိနှိပ်အုပ်ချုပ်မှုစနစ်အား မနှစ်သက်သဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားများနှင့်ပူးပေါင်းကာ ကူညီသွားမည်ဟု ဆိုသည်။ 

၎င်းနှင့်အတူ ပါလာသည့် လက်နက်ခဲယမ်းများမှာ MA-1 (၁)လက်၊ ၎င်းကျည်ဘောက် (၅)ခု၊ ၅.၅၆ ကျည်တောင့် (၇၅)တောင့်နှင့် အီကွေးမင့် (၁)စုံတို့ ပါလာခဲ့ကြောင်း KNU ဗဟိုက ယနေ့ စက်တင်ဘာလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါ စစ်ကောင်စီတပ်သား စိုင်းဖြိုးအောင်အား ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်မှ ငွေကျပ်သိန်း(၅၀) ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency