ကန်ပက်လက်မြို့တွင် တိုက်ပွဲရက်ဆက်ဖြစ်နေ

ကန်ပက်လက်မြို့တွင် တိုက်ပွဲရက်ဆက်ဖြစ်နေ

ချင်းပြည်နယ် ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် CDF-Kanpetletတို့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့က တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် မဆာတွီကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် မြတ်နိုးသူအကွေ့အနီး၌

ထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သိရသည်။

ကန်ပက်လက်မြို့ကို စစ်ကြောင်းလာထိုးသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ နှစ်ဘက်အကြား ဇူလိုင်လ (၁၆)ရက်နေ့ကစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဇူလိုင်လ (၁၆)ရက်နေ့က စစ်ကောင်စီတပ်နှင့် ဆွဲလွဲကျင်းကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၆)ဦးသေပြီး 

ဇူလိုင်လ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် ဆွဲလွဲကျင်းနှင့် မဆာတွီကျေးရွာအကြား၌ ထပ်မံတိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး

အပါအဝင် (၅)ဦးသေသည်ဟု CDF-Kanpetletက သတင်းထုတ်ပြန်ထားသော်လည်း Tachileik News Agencyအနေဖြင့် စစ်ကောင်စီတပ်သား သေဆုံးစာရင်းကို အတည်မပြုနိုင်ပါ။

ယင်းနေ့ နံနက်ပိုင်းတွင်ပင် တိုက်ပွဲထပ်ဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က (၃)ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ် (၅)စီးဖြင့် အကြိမ်(၂၀)ထက်မနည်း မဆာတွီကျေးရွာကို  လေကြောင်းမှ ပစ်ခတ်ခဲ့ခြင်းကြောင့် BCM ဘုရားကျောင်းအပါအဝင် လူနေအိမ် (၇)လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။ အဆိုပါတိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဘက်က ရဲဘော်(၇)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Chin Defence Force -Kanpetlet