ဆွာမြို့တွင် နာရေးမှပြန်လာသည့် အရပ်သားတစ်ဦး စစ်ကောင်စီတပ်က ပစ်ခတ်၍သေဆုံး

ဆွာမြို့တွင် နာရေးမှပြန်လာသည့် အရပ်သားတစ်ဦး စစ်ကောင်စီတပ်က ပစ်ခတ်၍သေဆုံး

ပဲခူးတိုင်း၊ ဆွာမြို့တွင် ၂၀၂၃ ခုနှစ် ဇူလိုင်(၂၂)ရက်နေ့ ညပိုင်းက နာရေးမှပြန်လာသည့် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်၍ သေဆုံးသွားကြောင်း Yedashe Township Information ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပစ်ခတ်ခံရသည့် ကိုကျော်မင်းစိုးသည် မှန်စီကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ယင်းနေ့ညပိုင်းက နာရေးမှပြန်လာစဉ် ဆွေသာယာနှင့် မှန်စီရွာကြား၌ စစ်ကောင်စီတပ်ဖွဲ့က ရပ်တန့်ခိုင်းသည်ကို ကြောက်လန့်၍ ထွက်ပြေးရာမှ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ဆွာမြို့မှ လူနာတင်ယာဉ် (၂)စီးဖြင့် အလောင်းကို သယ်သွားကာ ဆွာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီးမှ မိသားစုဝင်များက အလောင်းထုတ်ယူခွင့်ရခဲ့ကြသည်ဟု သိရသည်။



#TachileikNewsAgency