တန့်ဆည်မြို့နယ်အတွင်း ကံထူးမကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်တပ်နှင့်ပျူစောထီး အင်အား(၂၀၀)ကျော် ဝင်ရောက် အကြမ်းဖက်နေ၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ

တန့်ဆည်မြို့နယ်အတွင်း ကံထူးမကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်တပ်နှင့်ပျူစောထီး အင်အား(၂၀၀)ကျော် ဝင်ရောက် အကြမ်းဖက်နေ၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ
နိုဝင်ဘာ 10, 2022 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာအုပ်စုအတွင်းရှိ ကံထူးမကျေးရွာသို့ အာဏာသိမ်းစစ်ကောင်စီတပ်နှင့်ပျူစောထီး အင်အား(၂၀၀)ကျော် ဝင်ရောက်ပြီး ရမ်းသန်းပစ်ခတ်ကာ ကျေးရွာဝန်းကျင်အတွင်း ကင်းဖြန့်ထားမှုများကြောင့် ဒေသခံ ပြည်သူများမှာ ကူကယ်ရာမဲ့ဖြစ်ပြီး တိမ်းရှောင်နေကြရကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်နှင့်ပျူစောထီး အင်အား(၂၀၀)ကျော်တို့သည် ကံထူးမရွာနှင့် ဝန်းကျင်များကို စက်လက်နက် အပါအဝင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်သည့်အတွက် ဒေသခံ ပြည်သူများမှာ တိမ်းရှောင်နေကြရခြင်း ဖြစ်ကြောင်း  သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် တကယ့်မြေပြင်အခြေအနေတွင် ဒေသခံ ပြည်သူများကို PDF များဟု စွတ်စွဲပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြီး ရိုက်နှက်ညှင်းပမ်းနှိပ်စက်ကာ စစ်ဆေးမေးမြန်းပြုလုပ်သည့်ကြောင့်လည်း ဒေသခံများမှာ တိမ်းရှောင်နေကြရခြင်းလည်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် ထင်တိုင်းကြဲနေသော်လည်း တကယ့် မြေပြင်အခြေအနေမှန်ကို ၎င်းတို့၏ အထက်အဆင့်ဆင့်က မသိရှိရဘဲ ၎င်းတို့ လိမ်လည်တင်ပြသမျှကိုသာ ယုံကြည်နေသည့်အတွက် ဒေသခံ ပြည်သူများမှာ နစ်နာမှုများ အမြဲကြုံတွေ့နေရကြောင်းလည်း ဒေသခံများထံက သိရသည်။

#TachileiknewsAgency