အာဏာသိမ်းစစ်ကောင်စီက မီးသတ်တပ်ဖွဲ့များအား အသုံးပြုရန်စီစဉ်နေသည့် လျှို့ဝှက်ညွှန်ကြားစာ ပေါက်ကြား

အာဏာသိမ်းစစ်ကောင်စီက မီးသတ်တပ်ဖွဲ့များအား အသုံးပြုရန်စီစဉ်နေသည့် လျှို့ဝှက်ညွှန်ကြားစာ ပေါက်ကြား
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီက စစ်အာဏာရှင်တော်လှန်နေသည့်အင်အားစုများကို တိုက်ခိုက်ရေးအတွက် မီးသတ်တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်ကြရန်  လျှိဝှက်ညွန်ကြားစာပေါက်ကြားလာသည်ကို တွေ့ရသည်။

အာဏာသိမ်းအဖွဲ့၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဩဂုတ်လ ၃၀ ရက်စွဲပါ ညွန်ကြားချက်အား လိုက်နာကြရန် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးက ခရိုင်၊မြို့နယ်အဆင့်များသို့  စက်တင်ဘာလ (၈)ရက်နေ့ရက်စွဲပါ ညွန်ကြားစာဖြင့် ထပ်ဆင့်ညွှန်ကြားထားသည်ကိုတွေ့ရသည်။

 

အာဏာသိမ်းအဖွဲ့က ဖက်ဒရယ်စနစ်ကိုအကောင်အထည်ဖော်နေပြီဟုဆိုကာ အောက်ခြေဝန်ထမ်းများအား စည်းရုံးထားသည်ကိုလည်း အဆိုပါညွန်ကြားစာတွင် တွေ့ရသည်။

အဆိုပါညွှန်ကြားချက်နှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအလိုကျအတိုင်း တော်လှန်ရေးအဖွဲ့များကို ထိပါးလာပါက  အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းကာ ပြင်းပြင်း ထန်ထန် ဖော်ထုတ်အရေးယူသွားမည်‌ဟု ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့တွင်  ပြန်လည်တုန့်ပြန် သတိပေးထားသည်ကိုလည်း တွေ့ရသည်။