ဖလမ်းမြို့ရှိ စစ်ကောင်စီတပ် ခမရ(၂၆၈)ကို ချင်းတော်လှန်ရေးတပ်များတိုက်ခိုက်ရာ လက်နက်ခဲယမ်းများစွာရ

ဖလမ်းမြို့ရှိ စစ်ကောင်စီတပ် ခမရ(၂၆၈)ကို ချင်းတော်လှန်ရေးတပ်များတိုက်ခိုက်ရာ လက်နက်ခဲယမ်းများစွာရ

ချင်းပြည်နယ် ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ(၂၆၈)တပ်ရင်းဌာနချုပ်အား ချင်းအမျိုးသားကာကွယ်ရေးတပ်များက ယမန်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းစစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက နံနက်(၁)နာရီခွဲမှ နံနက်(၄)နာရီအထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၆)ဦးသေဆုံးကာ အများအပြားဒဏ်ရာရပြီး လက်နက်ကြီးအပါအဝင် လက်နက်(၁၁)လက်နှင့် ကျည်ဆံများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို CAN၊ CDF-KKGနှင့် CDF-Hualngoramတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CDF-KKGမှ ရဲဘော် ဝဏ္ဏကျော်ထွန်း ကျဆုံးခဲ့ရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် လေကြောင်းမှ ဖလမ်းမြို့နှင့် မိုင်(၂၀)ခန့်ဝေးသည့် ရမ်ထလိုနှင့် ဆွန်တလာကျေးရွာတို့အား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရမ်ထလိုကျေးရွာမှ ဒေသခံ(၇)ဦးဒဏ်ရာရပြီး ခရစ်ယာန်ဘုရားကျောင်းနှင့် နေအိမ်များပျက်စီးခဲ့ရသည့်အပြင် ဆွန်တလာကျေးရွာမှ ဒေသခံ(၇)ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : CJ