ပခုက္ကူမြို့နယ် ပန်းတိုင်ရွာနှင့် ကျောက်လှေခါးကျေးရွာရှိ စစ်ကောင်စီဂိတ်များကို PDF များသွားရောက်ပစ်ခတ်

ပခုက္ကူမြို့နယ် ပန်းတိုင်ရွာနှင့် ကျောက်လှေခါးကျေးရွာရှိ စစ်ကောင်စီဂိတ်များကို PDF များသွားရောက်ပစ်ခတ်

မကွေးတိုင်း ပခုက္ကူမြို့နယ် ပန်းတိုင်ရွာနှင့် ကျောက်လှေခါးကျေးရွာရှိ စစ်ကောင်စီဂိတ်များကို ဒေသကာကွယ်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင်  သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများအနက် ပန်းတိုင်ရွာရှိ စစ်ကောင်စီ၏ စစ်ဆေးရေးစခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ (၇)ဦးနေရာတွင်ပင် သေဆုံးပြီး ဏ်ရာရရှိသွားသူ (၂)ဦးမှာလည်း ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရပြီး ကျောက်လှေခါးရွာ စစ်ဆေးရေးဂိတ်ကိုမူ ဝေဟင်မှ ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ -YSOက ယနေ့ဇွန်လ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကို ဒေါင်းသွေးနီပျောက်‌ကြားတပ်ဖွဲ့(YSO)၊ Urban Underground Revolution Force-YSO၊ မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း 27 Revolution Force ၊ Myingyan District Drone Strike ( MDDS)၊ နဂါးနီအထူးကွန်မန်ဒို ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ Pakokku Special Guerrilla Force(ပကဖ-PSGF)၊ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)နှင့် ညီနောင်သုံးဖော်(YSO)အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency