‌တော်ဝင်ဒေါင်းစစ်ကြောင်းက ပဲခူးတိုင်းရှိ ကျေးရွာများတွင် လေကြောင်း၊ လက်နက်ကြီးနှင့် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး

‌တော်ဝင်ဒေါင်းစစ်ကြောင်းက ပဲခူးတိုင်းရှိ ကျေးရွာများတွင် လေကြောင်း၊ လက်နက်ကြီးနှင့် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး

ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများတွင် လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်နှင့် မြေမြှုပ်မိုင်း အန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ လိုက်နာသင့်သည်များကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့တွင် Royal Peacock Column-တော်ဝင်ဒေါင်းစစ်ကြောင်းက အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းအတွင်းရှိ ပြည်သူလူထုအား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်လာပါက ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် လက်တွေ့ သရုပ်ပြခြင်းများလည်းပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင်များအချင်းချင်း ကူညီမှုဆိုင်ရာလုပ်ငန်းစဉ်များ၊ လိုက်နာသင့်သည်များကို အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Royal Peacock Column