တနင်္သာရီမြို့နယ်အတွင်း အမှတ်(၅၆၁)တပ်ရင်းမှ တပ်သား(၁)ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်

တနင်္သာရီမြို့နယ်အတွင်း အမှတ်(၅၆၁)တပ်ရင်းမှ တပ်သား(၁)ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ်(၅၆၁)တပ်ရင်းမှ တပ်သား(၁)ဦး လက်နက်အပြည့်အစုံဖြင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်လာကြောင်း သိရသည်။

 အမှတ်(၅၆၁)တပ်ရင်းမှ တပ်သားတစ်ဦးသည် ၂၀၂၃ခုနှစ် ဧပြီလ(၁၅)ရက် သင်္ကြန်အကြတ်နေ့တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ MA-3 မောင်းပြန် တစ်လက်၊ကျည် ၂၀၀ တောင့်၊လက်ပစ်ဗုံး တစ်လုံး နှင့် ချပ်ဝတ်တန်ဆာအချို့ ပါဝင်ပြီး လက်နက်နှင့်အတူ အလင်းဝင်ကာ ခိုလှုံလာခြင်း ဖြစ်ကြောင်း သိရသည်။

"CDM ရဲဘော်၏ ဆန္ဒအရ လွတ်မြောက်ဒေသတစ်ခုသို့ ပို့ဆောင်လိုက်ပြီဖြစ်ပြီး အလားတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာမည့် CDM တပ်သားများကိုလည်း နွေးထွေးစွာကြိုဆိုပြီး စောင့်ရှောက်ကူညီပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။"ဟု တနင်္သာရီတိုင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့(People Defense Organization-Tanintharyi Division)က ယနေ့ ဧပြီလ(၁၅)ရက်နေ့ နေ့လည်ပိုင်းက သတင်းထုတ်ပြန်ထားရှိသည်။



လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ခိုလှုံလာသည့်အတွက် တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ၎င်းအား ဂုဏ်ပြုချီးမြှင့်ငွေအဖြစ် ကျပ်သိန်း(၃၀) ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

#TachileikNewsAgency

Photo: တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့