ရေဖြူမြို့နယ်တွင် သိန်းတစ်သောင်းဝန်းကျင်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းဆီးရမိ

ရေဖြူမြို့နယ်တွင် သိန်းတစ်သောင်းဝန်းကျင်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 12, 2024 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းတွင် ကျပ်သိန်း(၁၀,၀၀၀)ဝန်းကျင်တန်ဖိုးရှိ မူးယစ်ဆေးများကို ဖမ်းဆီးရမိခဲ့ကြောင်း ဗထူးတပ်မတော်ထံမှ သိရသည်။

ရေဖြူမြို့နယ် အမှတ်(၈) ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းမ ရေး-ထားဝယ်လမ်းပိုင်းတွင် တော်လှန်ရေးတပ်များက စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြာင်း သိရသည်။

မူးယစ်ဆေးများ တင်ဆောင်လာသည့် (၁၂)ဘီးယာဉ်သည် တော်လှန်ရေးတပ်များ၏ ပစ်မှတ်နေရာအရောက် မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ WY စိတ်ကြွရူးသွပ်ဆေးပြား အလုံးရေ (၂၈၂,၃၀၃)လုံး၊ ကာလတန်ဖိုး (၉၈၈,၀၆၀,၅၀၀)၊ ငွေသား(၁,၁၀၃,၂၀၀)နှင့် လက်ကိုင်ဖုန်းနှစ်လုံးအား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးတို့ကို ဖမ်းဆီးပြီး မူးယစ်ဆေးများကို ကားနှင့်အတူ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးကို ဗထူးတပ်မတော်၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Ba Htoo Army-BHA