နေပြည်တော်အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်

နေပြည်တော်အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်

နေပြည်တော်နှင့် မကွေးတိုင်းအစပ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုထံမှ သိရသည်။

နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရွှေမကျီးကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ရိုးကူးကျေးရွာအကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် OPRF- PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုတို့  နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့စီးနင်းလာသည့် ဆိုင်ကယ်(၃)စီးအပြင် စစ်ကောင်စီတပ်အသုံးပြုသည့် (၅.၅၆)ကျည် (၂၅)တောင့်နှင့် (၅.၅၆)ကျည်သုံး ကျည်ဘောက်တစ်ခုကို တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု