အာဏာသိမ်းစစ်ကောင်စီလက်အောက်က မနှုတ်ထွက်သေးသည့် ရှားကွဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား သတိပေးသည့်အနေဖြင့် ဖောင်းဒိုင်းအဖွဲ့က နေအိမ်ကို ဗုံးခွဲ သတိပေး

အာဏာသိမ်းစစ်ကောင်စီလက်အောက်က မနှုတ်ထွက်သေးသည့် ရှားကွဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား သတိပေးသည့်အနေဖြင့် ဖောင်းဒိုင်းအဖွဲ့က နေအိမ်ကို ဗုံးခွဲ သတိပေး
အောက်တိုဘာ 20, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံများထံက နှုတ်ထွက်ခြင်း မပြုရသေးသည့် ရှားကွဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား သတိပေးသည့်အနေဖြင့် နေအိမ်ကို ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က ဗုံးခွဲလိုက်ကြောင်း သိရသည်။

ရှားကွဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးမျိုးမြင့်၏ နေအိမ်အား ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့ ည(၉)နာရီမထိုးမီအချိန်က ဗုံးခွဲသတိပေးလိုက်ခြင်းဖြစ်ပြီး ဦးမျိုးမြင့်မှာ နေအိမ်တွင် ရှိမနေဘဲ တိမ်းရှောင်နေသည်ဟု သိရသည့်အတွက် ပြည်သူများထံ အမြန်ဆုံးအလင်းဝင်ပြီး ရွာကို ကျေနပ်အောင်လာရောက် မတောင်းပန်ပါက ရောက်သည့် ဒေသအထိ လိုက်လံရှင်းလင်းမည်ဟု ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့၏ ဗိုလ်နဂါးမှ သတိပေးပြောကြားထားကြောင်း သိရသည်။

ပြည်သူများမှ စစ်အာဏာရှင်များ လုံးဝအုပ်ချုပ်ခွင့်မရစေရအဖြစ် သတ်မှတ်ထားရာ အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက နှုတ်ထွက်ခိုင်းထားသော်လည်း နှုတ်ထွက်ရန် ကျန်ရှိနေသူများကို ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က လိုက်လံသတိပေးနေလျက်ရှိကြောင်း သိရသည်။