မြိုင်မြို့နယ် သရက်ကွရွာ ပျူစောထီးစခန်းကို PDF တပ်များတိုက်ခိုက်

မြိုင်မြို့နယ် သရက်ကွရွာ ပျူစောထီးစခန်းကို PDF တပ်များတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သရက်ကွရွာ ပျူစောထီးစခန်းကို ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း  Southern YSO PDF အဖွဲ့ထံမှ သိရသည်။ 

အဆိုပါပျူစောထီးစခန်းကို မြိုင်၊ ပခုက္ကူနှင့် ရေစကြို PDF တပ်ပေါင်းစုများက ပြီးခဲ့သည့် ဩဂုတ်လ (၁၂)ရက်နေ့က ဝေဟင်မှ ဒရုန်းအကြီး၊ အလတ်၊ အသေးမျိုးစုံဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း စက်ကလေး၊ စက်လတ်တို့ဖြင့် ပစ်ခတ်ခြင်း၊ (၄၀)မမတို့ဖြင့်ပစ်ခတ်ခြင်း၊ စနိုက်ပါဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှာ (၂)နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်သေဆုံးသူရှိပြီး ပျူစောထီးစခန်းမှ ဘန်ကာတစ်ခုကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို Southern YSO PDF၊ M V P R F၊ နံ့သာမြိုင်တပ်ဖွဲ့ ၊ မဟူရာအလင်းတန်း၊ အလင်းတန်း ပြောက်ကျား၊ မဏီ Droneတပ်ဖွဲ့ ၊ ဝံပလွေ ပြောက်ကျားတပ်ဖွဲ့ ၊ Yesagyo Revolution Force(YRG)၊ ဒေါင်းစစ်သည်၊ Young Force UG ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂)၊ Pakokku People Defense Force PPDF၊ ပခုက္ကူခရိုင် တပ်ရင်း(၂)တို့အပြင် မြိုင်နှင့် ပခုက္ကူမြို့နယ်မှ PDF တပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency