အာဏာသိမ်းတပ်၏ ရဟတ်ယာဉ်တစ်စီး ယမန်နေ့က တပ်စွဲထားသည့် ကံထူးမဘောလုံးကွင်းသို့ ဆင်းသက်

Photo: CJ
Photo: CJ
အာဏာသိမ်းတပ်၏ ရဟတ်ယာဉ်တစ်စီး ယမန်နေ့က တပ်စွဲထားသည့် ကံထူးမဘောလုံးကွင်းသို့ ဆင်းသက်
နိုဝင်ဘာ 24, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်း ကံထူးမကျေးရွာတွင် ယမန်နေ့က အာဏာသိမ်းတပ် တပ်စွဲထားသည့် ဘောလုံးကွင်းအတွင်းသို့ ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၄) ရက်နေ့ နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်တစ်စီး ဆင်းကြောင်း ဒေသအခြေစိုက်သတင်းများတွင် ဖေါ်ပြချက်အရ သိရသည်။

ယနေ့ နံနက် (၁၀)နာရီ (၂၂)မိနစ်တွင် မုံရွာမြို့အခြေစိုက် နမခအတွင်းမှ ရဟတ်ယာဉ်တစ်စီး မုံရွာမြို့မြောက်ဘက်သို့ တက်သွားပြီး နေ့လယ် (၁၁) နာရီတွင် ဒုတိယမြောက်တစ်စီး ထပ်မံတက်သွားကြောင်း မုံရွာအခြေစိုက်သတင်းများအရ သိရသည်။

အာဏာသိမ်းစစ်တပ်သည် ယမန်နေ့က အင်အားအများအပြားဖြင့် တန့်ဆည်မြို့နယ်အတွင်းရှိ ကံထူးမရွာသို့ ရောက်လာပြီး ဘောလုံးကွင်းနှင့် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားကာ လက်ရှိတွင် တန့်ဆည်မြို့နယ်အတွင်း တန့်ဆည်၊ ကံထူးမ၊ ကာပေါင်းကျ၊ လိပ်ခြံ -တောင်ကြောင်းနှင့် ရေရှင်တို့တွင် အာဏာသိမ်းတပ်အင်အား စုစုပေါင်း (၄၀၀)မှ (၅၀၀)ကြား တပ်ဖြန့်ထားသည်ဟု ခန့်မှန်းထားကြသည်။

#TachileikNewsAgency