ယူကရိန်းသမ္မတအား လုပ်ကြံရန်ကြံစည်မှုဖြင့် ရုရှားအမျိုးသမီးတစ်ဦးကို ထိန်းသိမ်း

ယူကရိန်းသမ္မတအား လုပ်ကြံရန်ကြံစည်မှုဖြင့် ရုရှားအမျိုးသမီးတစ်ဦးကို ထိန်းသိမ်း
By Tachileik News Agency

ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇလန်းစကီးအား လုပ်ကြံရန်ကြံစည်မှုကို ဖေါ်ထုတ်နိုင်ခဲ့ပြီး ဆက်စပ်သည့် ရုရှားအမျိုးသမီးတစ်ဦးကို ထိန်းသိမ်းထားကြောင်း ယူကရိန်းထောက်လှမ်းရေး (Ukrainian Security Service- SBU)က ၂၀၂၃ ခုနှစ် ဩဂုတ်လ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထိန်းသိမ်းခံရသည့် ရုရှားအမျိုးသမီး၏အမည်ကိုမူ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားခြင်းမရှိသော်လည်း အဆိုပါ အမျိုးသမီးသည် ယူကရိန်းတောင်ပိုင်း မိုင်ကိုလိုင်ဒေသမှဖြစ်သည်ဟု ဖေါ်ပြထားသည်။

မိုင်ကိုလိုင်ဒေသသို့ ဇူလိုင်လကုန်၌ သွားရန်စီစဉ်ထားသည့် ယူကရိန်းသမ္မတ၏ခရီးစဉ်အတွင်း လေကြောင်းမှ လုပ်ကြံတိုက်ခိုက်နိုင်ရန် သတင်းစုဆောင်းထောက်လှမ်းခဲ့သည်ကို ဖေါ်ထုတ်တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ အမျိုးသမီးက သတင်းအချက်အလက်များ ပေးပို့ရန်ကြိုးစားစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

ဖမ်းဆီးခံသည့်အမျိုးသမီးသည် နယ်မြေအတွင်း လှည့်ပတ်သွားလာကာ ယူကရိန်း၏ တည်နေရာများကို ရိုက်ကူးမှတ်တမ်းတင်ခြင်းများကိုလည်း ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

အဆိုပါ အမျိုးသမီးသည် စစ်ဘက်ဆိုင်ရာပစ္စည်းအရောင်းအရောင်းဆိုင်မှ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။

ရုရှား၏ ကျူးကျော်စစ်အတွင်း ယူကရိန်းသမ္မကို လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားမှုပေါင်း ဒါဇင်ကျော် ကြုံတွေ့ခဲ့ရသည်ဟု သမ္မတ၏ အကြံပေးက ပြီးခဲ့သည့်နှစ် မတ်လအတွင်းက ထုတ်ဖေါ်ပြောကြားထားသည်။

Source: CNN