(၅) မိနစ်အတွင်း (၂) ကြိမ် မိုးကြိုးအပစ်ခံရသည့် တရုတ် အမျိုးသား

(၅) မိနစ်အတွင်း (၂) ကြိမ် မိုးကြိုးအပစ်ခံရသည့် တရုတ် အမျိုးသား
သြဂုတ် 27, 2023 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦး (၅) မိနစ်အတွင်း (၂) ကြိမ် မိုးကြိုးအပစ်ခံခဲ့ရသော်လည်း အလွန်ကံကောင်းစွာဖြင့် အသက်မသေခဲ့ဟု ဆိုသည်။ 

တရုတ်အမျိုးသား Liu Nan မှာ ၂၀၂၃ ခုနှစ် ဇူလိုင်လက မိုးသက်မုန်တိုင်းကျနေစဥ် Guizhou ပြည်နယ် Zunyi မြို့ရှိ ၎င်း၏ နေအိမ် အပြင်ဘက်၌ (၅) မိနစ်အတွင်း (၂) ကြိမ် မိုးကြိုးထိမှန်ခံခဲ့ရသည်။ 

၎င်းက မိုးကြိုးအပစ်ခံရပြီး သတိမေ့ လဲကျမသွားမီ လျှပ်စီးကြောင်းကြီးကို မြင်ခဲ့ရသည်ဟု ဆိုသည်။ 

Liu က ပထမအကြိမ် မိုးကြိုးအပစ်ခံရမှုကြောင့် သတိမေ့သွားခဲ့ပြီးနောက် သတိပြန်ရလာချိန်တွင် နောက်တစ်ကြိမ် လျှပ်စီးကြောင်းကို မြင်ခဲ့ရကာ သတိမေ့သွားခဲ့ပြန်သည်။

ဒုတိယအကြိမ် သတိပြန်ရလာချိန်တွင် ဇနီးနှင့် ကလေးများက ၎င်း မြေပေါ်လဲကျနေသောကြောင့် ၎င်းကို စိုးရိမ်ကြောက်လန့်နေကြကြောင်း တွေ့ရသည်။ 

ထိုနောက် Liu က ၎င်း မိုးကြိုးအပစ်ခံရကြောင် သိရှိခဲ့ပြီး အရေးပေါ် လူနာတင်ကားတစ်စီးကို ချက်ချင်း ဖုန်းဆက်ခေါ်ခဲ့သည်။ 

သက်လတ်ပိုင်းအရွယ် Liu ကို ဒေသတွင်း ဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ပြီး ၎င်းမှာ မိုးကြိုးထိမှန်ခံခဲ့ရကြောင်း ဆရာဝန်များက အတည်ပြုခဲ့သည်။ 

Liu မှာ တစ်ကြိမ်မဟုတ်ဘဲ (၂) ကြိမ် မိုးကြိုးအပစ်ခံခဲ့သည်ဟု ဆရာဝန်များက ဆိုသည်။

မိုးကြိုးထိမှန်ခံရမှုကြောင့် Liu ၏ ခြေထောက်၊ ခါးနှင့် တင်ပါး နေရာများတွင် တတိယအဆင့် ပြင်းထန်သော မီးလောင်ဒဏ်ရာများ ဖြစ်ပေါ်ခဲ့သည်။ 

"အဲဒီအချိန်တုန်းက ကျွန်တော် ချက်ချင်း သတိမေ့သွားခဲ့တယ်။ ခဏလေးပဲကြာတယ် ကျွန်တော် သတိပြန်ရလာတယ်။ ပြီးတော့ နောက်တစ်ကြိမ် လျှပ်စီးလက်ပြီး မိုးကြိုးထပ်ပစ်တာကြောင့် ကျွန်တော် ပြန်လဲကျ သတိမေ့သွားပြန်ရော" ဟု Liu က ပြောသည်။ 

(၅) မိနစ်အတွင်း (၂) ကြိမ် မိုးကြိုးအပစ်ခံရပြီးနောက် တစ်လခန့်ကြာအထိ Liu ၏ မီးလောင်ဒဏ်ရာများ မပျောက်ကင်းသေးသော်လည်း အသက်မသေခဲ့သည်မှာ အလွန်ကံကောင်းသူဟု ဆိုနိုင်သည်။

#TachileikNewsAgency

Source: Ghanamma