ကချင်ပြည်နယ်အတွင်း စီခမ်းကြီးစခန်းကို KIA နှင့် AA အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်၊ သေဆုံးစစ်ကောင်စီတပ်သားများထဲတွင် အမျိုးသမီးရဲမေများလည်း ပါဝင်နေ

ကချင်ပြည်နယ်အတွင်း စီခမ်းကြီးစခန်းကို KIA နှင့် AA အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်၊ သေဆုံးစစ်ကောင်စီတပ်သားများထဲတွင် အမျိုးသမီးရဲမေများလည်း ပါဝင်နေ
ဖေဖော်ဝါရီ 20, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော စီခမ်းကြီးစခန်းအား KIAနှင့် AA အပါအဝင် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး သိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။

အဆိုပါ တပ်စခန်းကိုမဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ရက္ခိုင့်တပ်တော်(AA) အပါအဝင် KPDF စသည့် မိတ်ဖက်တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းကာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက်ပိုင်းကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ရာ ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ညနေ(၅)နာရီကျော်တွင် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်၏ မဆုတ်တမ်းခံစစ်ဟု သတ်မှတ်ထားသော စစ်စခန်းများထဲမှ တစ်ခုဖြစ်သည့် စီခမ်းကြီးစခန်းအား စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံသော်လည်း မဟာမိတ်ပူးပေါင်းအဖွဲ့က အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်ဟု သတ်မှတ်ထားသော စစ်စခန်းများထဲမှ တစ်ခုဖြစ်သည့် စီခမ်းကြီးစခန်းအား ရန်သူ၏ မရပ်မနား၊ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ကူ အမြောက်အမြားကြားထဲမှ မိမိတို့ စုပေါင်းတပ်ဖွဲ့မှ ခက်ခက်ခဲခဲ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း  စစ်ကောင်စီတပ်သားအများအပြား သေဆုံးသည့် အလောင်းများကို တွေ့ရှိရပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်များဘက်က စစ်သည်တချို့ ကျဆုံးမှုရှိခဲ့သည်ဟုလည်း သိရသည်။ 

သေဆုံးစစ်ကောင်စီတပ်သားများထဲတွင် အမျိုးသမီးရဲမေများလည်း ပါဝင်ကြောင်း KIAနှင့်နီးစပ်သူများက Tachileik News Agency ကိုအတည်ပြုသည်။

#TachileikNewsAgency