ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးတွင် တိုက်ပွဲဖြစ်

ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးတွင် တိုက်ပွဲဖြစ်

ရန်ကုန်-မန္တလေး လမ်းဟောင်းအနီး ပိန်းဇလုပ်မြို့နယ်အတွင်းရှိ ရေတွင်းကုန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၅)ရက်နေ့ ညနေပိုင်းက စတင်ကာ ယနေ့ ဇူလိုင်လ (၂၆)ရက်နေ့ နေ့လည်ပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး စစ်ကောင်စီတပ်သား အလောင်းတစ်လောင်း၊ G-3အမျိုးစား သေနတ်တစ်လက်၊ ယင်းသေနတ်ကျည်အိမ် (၄)ခု၊ ကျည်ဆံ(၁၅၀)တောင့်၊ (၆၀)မမ ဗုံးသီး တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော် (၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟု Royal Peacock Column-တော်၀င်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : Royal Peacock Column