သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ကာ နှစ်ဘက်ကျဆုံးမှုရှိ

သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ကာ နှစ်ဘက်ကျဆုံးမှုရှိ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ နှစ်ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ကျဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့က သံဖြူဇရပ်မြို့နယ် ဝဲဝန်းကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည် 

ထို့နောက် ဇူလိုင်လ (၂၃)ရက်နေ့တွင် သံဖြူဇရပ်မြို့နယ် အထက်ငှက်ပျော်တောသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထပ်မံ၍ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကျားဖြူစစ်ကြောင်း (၁)ထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံ အမှတ်(၄) လေ့ကျင့်ရေးတပ်၊ ၃၁၅ အမြောက်တပ်ကို ကျားဖြူစစ်ကြောင်း၊ KNLA တပ်ရင်း (၂၇) နှင့် ပဒဲကောအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်က လက်နက်ကြီး၊ လက်နက်ငယ် အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် တပ်ရင်း(၂၇)မှ ရဲဘော်နှစ်ဦး ကျဆုံးကာ သေနတ်(၂)လက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency

Photo : Albino Tiger Company-1