တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှုများနေ၍ အိမ်နီးချင်းထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြို့နယ်အဆင့် အရေးပေါ်အစည်းဝေး ကျင်းပ

တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှုများနေ၍ အိမ်နီးချင်းထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြို့နယ်အဆင့် အရေးပေါ်အစည်းဝေး ကျင်းပ
နိုဝင်ဘာ 28, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှုများနေ၍ အိမ်နီးချင်းထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြို့နယ်အဆင့် အရေးပေါ်အစည်းဝေး ကျင်းပ
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် COVID 19 ကူးစက်မှုများ ဖြစ်ပွားနေသည့်အတွက် အိမ်နီးချင်းမြို့ဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် Covid-19 ရောဂါကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် တိုးမြှင့် လုပ်ဆောင်ရန် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့  နံနက် (၁၁) နာရီတွင် အရေးပေါ်အစည်းအဝေး ကျင်းပသည်။
တာချီလိတ်မြို့ဘက်တွင် COVID 19 ဖြစ်ပွားမှုတိုးလာနေသဖြင့် မယ်ဆိုင်၊ ချင်းဆဲန်၊ မယ့်ဖားလုံ၊ ချင်းရိုင်းဒေသအတွင်း မြန်မာနှင့်နယ်စပ်တလျှောက်တွင် COVID 19 ကာကွယ်ရေးအတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို ပိုမိုတင်းကျပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။ 
ယင်းအပြင် တာချီလိတ် - မယ်ဆိုင် နယ်စပ်တလျှောက်ရှိ မယ်ဆိုင်ချောင်းမှ တရားမဝင် ဝင်ထွက်သွားလာနေမှုများအား ရဲနှင့်တပ် ပူးပေါင်းအဖွဲ့ဖြင့် (၂၄)နာရီ ကင်းလှည့်ခြင်း ဆောင်ရွက်မည့်အပြင် နယ်စပ်တလျှောက် ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ အနေဖြင့် နယ်စပ်ဝင်ပေါက်များအားလုံးကို ပိတ်ဆို့ရန်၊ နယ်စပ်တလျှောက် နေထိုင်သူများ အနေဖြင့်လည်း တရားမဝင် ဝင်လာသူများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ ချက်ချင်း အကြောင်းကြားပေးရန် အပြင် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးအနေဖြင့် နယ်စပ်တလျှောက် COVID 19 ထိန်းချုပ်ရေးကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။
မယ်ဆိုင်မြို့တွင်လည်း နေအိမ်မှအပြင်ထွက်တိုင်း Mask တပ်ရန်အပြင် ဆိုင်ကယ်သမား(Taxi)များကိုလည်း တရားမဝင် ဝင်လာသည့် နိုင်ငံခြားသားများကို သယ်ယူပို့ဆောင်ပေးခြင်းမလုပ်ရန်  ရဲတပ်ဖွဲ့က သတိပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
Tachileik News Agency
Photo: Northern News Thailand
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~