ဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်မည့် ဧရာဝတီတိုင်းမှ ပျူစောထီး ၁၄ ဦးကို ဖမ်းဆီးရမိထား

ဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်မည့် ဧရာဝတီတိုင်းမှ ပျူစောထီး ၁၄ ဦးကို ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ မြန်မာဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ရန်လာသည့် ပျူစောထီး(၁၄)ဦးကို ဒေသကာကွယ်ရေးတပ်က ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစာထီး(၁၄)ဦးမှာ ဧရာဝတီတိုင်း‌ သာပေါင်းမြို့နယ် အနောက်တောင်တိုင်း စစ်ဌာနချုပ် သင်တန်းဆင်းများဖြစ်ပြီး  ကုမ္မဏီအတွင်းရောက်လျှင် သင်တန်းထပ်မံတက်ရောက်ရမည်ဟု ၎င်းတို့၏ထွက်ဆိုချက်များရ သိရကြောင်း Chindwin Galone Yarzar Guerrilla Defense Forceက သတင်းထုတ်ပြန်ထားသည်။

၎င်းတို့အား Alpha Columnတပ်ခွဲ(၁) Alpha Special Forceနှင့် တပ်ခွဲ(၃) Chindwin Galone Yarzar Guerrilla Defense Forceတို့က ဖမ်းဆီးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ပျူစောထီးများကို ဥပဒေကြောင်းအရ ဆက်လက်အရေးယူနိုင်ရန် မြို့နယ် ပလဖထံသို့ လွှဲပြောင်းထား‌ကြောင်း သိရသည်။

#TachileikNewsAgency