စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် တွင်းမကျေးရွာအုပ်စုမှ အရပ်သားများ ထွက်ခွါပေးရန် မြိုင်ပကဖ ပြောဆို

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် တွင်းမကျေးရွာအုပ်စုမှ အရပ်သားများ ထွက်ခွါပေးရန် မြိုင်ပကဖ ပြောဆို
ဇွန် 27, 2023 | 2021 Military Coup| ကယား

မကွေးတိုင်း မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် တွင်းမကျေးရွာအုပ်စုမှ အရပ်သားများ ၂၀၂၃ခုနှစ် ဇွန်လ (၂၇)ရက်နေ့မှ ဇူလိုင်လ (၂၀)ရက်နေ့အတွင်း ထွက်ခွါပေးကြရန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထားသည်။

စစ်ကောင်စီတပ်စခန်းနှင့် ပျူစောထီးစခန်းများကို တိုက်ခိုက်ရာတွင် စစ်ရေးပစ်မှတ်များကို ပိုမိုထိရောက်လို၍ စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်မှုမရှိသည့် အရပ်သားများအနေဖြင့် ဘေးလွတ်ရာသို့ ရှောင်ရှားပေးကြရန်နှင့် ကမ္မ-မြိုင်လမ်းပိုင်းကို ဖြတ်သန်းသွားလာသည့် မည် သူမဆို ထိခိုက်သေဆုံးမှုအား တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးယူ၍ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် ဒေါက်တိုင်များအား စစ်ဆေးဖော်ထုတ်မှုများ ပြုလုပ်နေသည့် လမ်းပိုင်းအား ပျူစောထီးများတပ်စွဲထားသည့် တွင်းမရွာမှ ဒေသခံများဖြတ်သန်းသွားလာပြီးနောက်  သတင်းပေးသဖြင့် စစ်ကောင်စီတပ်က စစ်ဆေးသည့်နေရာကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency