မကွေးတိုင်းတွင် စစ်ကောင်စီ ခြောက်ဘီးကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်းတွင် စစ်ကောင်စီ ခြောက်ဘီးကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း လက်ပုကန်နှင့် ချောက်ကန်ကျေးရွာအကြားတွင် စစ်ကားတစ်စီးကို ၂၀၂၄ခုနှစ် ဧပြီလ (၉)ရက် ညနေ(၄)နာရီခွဲခန့်တွင် PDFအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Pakokku People's Defense Force မှ ထုတ်ပြန်သည်။

လက်ပုကန်ကျေးရွာဘုန်းကြီးကျောင်း၌တပ်ဆွဲထားရာမှ ပခုက္ကူမြို့သို့ ပြန်လာသည့် ခြောက်ဘီးစစ်ကားတစ်စီးအား လက်ပုကန်နှင့်ချောက်ကန်ကြား အရောက်တွင် မိုင်း(၁)ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂) (Young Force UG)၊ Earthquake People's Defence Force၊ Burma Revolution Rangers နှင့် Pakokku People's Defense Force တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency