လားရှိုးမြို့မဈေးရှိ ဇွဲထက်ရွှေဆိုင်တွင် ပေါက်ကွဲမှု ၁၂ ဦး ဒဏ်ရာရ

လားရှိုးမြို့မဈေးရှိ ဇွဲထက်ရွှေဆိုင်တွင် ပေါက်ကွဲမှု ၁၂ ဦး ဒဏ်ရာရ
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မြို့မဈေးရှိ ဇွဲထက်ရွှေဆိုင်တွင် ယနေ့ နံနက်ပိုင်း ပေါက်ကွဲမှုအတွင်း (၁၂)ဦး ဒဏ်ရာရရှိသည့်အနက် (၂)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။



ဇွဲထက်ရွှေဆိုင်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့ နံနက် (၇)နာရီ (၄၅)မိနစ်အချိန်၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၆)ဦးနှင့် အမျိုးသား (၆)ဦး ထိခိုက်ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။



" ကျား ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ ဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်းတွေက ဆေးရုံပို့ပေးနေကြတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။



အဆိုပါ ပေါက်ကွဲမှုကြောင့် မြို့မဈေးမှ ဆိုင်ခန်းအများစု ပိတ်လိုက်ကြသော်လည်း မြို့မဈေးကို ဆက်လက်ဖွင့်လှစ်ထားကြောင်း သိရသည်။



ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရသေးပါ။