UKလွှတ်တော်အမတ် နှစ်ဦးနှင့် CRPHတို့ မြန်မာ့အရေး ဆွေးနွေး

UKလွှတ်တော်အမတ် နှစ်ဦးနှင့် CRPHတို့ မြန်မာ့အရေး ဆွေးနွေး
ဇူလိုင် 5, 2023 | 2021 Military Coup

UK အထက်လွှတ်တော်အမတ် နှစ်ဦးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၄)ရက်နေ့က မြန်မာ့အရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

UK လွှတ်တော်အမတ်များဖြစ်သည့် Hon. Mr. Raymond Edward Harry Collins(Lord Collins of Highbury) ၊ အောက်လွှတ်တော်အမတ် Hon. Ms. Catherine Westတို့နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံရာတွင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီအပေါ်  ထပ်မံအရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်နိုင်ရေး၊ မြန်မာပြည်သူများအတွက် အကူအညီလိုအပ်‌နေသည့်ကဏ္ဍများနှင့် UKလွှတ်တော်ကိုယ်စားလှယ်များမှ အကူအညီပေး လုပ်ဆောင်နိုင်မည့် ကိစ္စရပ်များအပေါ်  ဆက်လက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း CRPHက ယနေ့ ဇူလိုင်လ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : CRPH