ဝန်းသိုမြို့နယ်ရှိ ပျူစောထီးစခန်းနှင့် စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

ဝန်းသိုမြို့နယ်ရှိ ပျူစောထီးစခန်းနှင့် စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် ဂျိုးထောင်-နမ်းခမ်းဒေသရှိ နမ်းခမ်းပျူစောထီးစခန်းကုန်းနှင့် စစ်ကောင်စီတပ်သားများ အထိုင်ချထားသည့် တပ်စခန်းတို့ကို ဒေသကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် ဇွန် လ(၂၃)ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



၎င်းစစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းများကို ဒေသကာကွယ်ရေးတပ်များက လက်လုပ်(၈၀)မမ၊ (၆၀)မမ များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။



ပစ်ခတ်မှုများမှာ နေ့လည်(၁၂)နာရီဝန်းကျင်မှ နေ့လည်(၃)နာရီကျော်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။



သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်များကို တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ အသေးစိတ်သိရှိရန် Tachileik News Agency က ဆက်သွယ်နေသော်လည်း အဆက်အသွယ်မရသေးပါ။ တိုက်ခိုက်မှုကို ဝန်းသိုမြို့နယ် ပ.က.ဖ၊ ဒေသခံ ပ.က.ဖများ၊ ကောလင်းမြို့နယ် ပ.က.ဖ နှင့် ကောလင်းမြို့ပေါ် ပ.က.ဖ တိုက်ခိုက်ရေးအဖွဲ့ THE SECRET WARRIOR KAWLIN တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Indaw Revolution-IR ကထုတ်ပြန်ထားသည်။



#TachileikNewsAgency