မြိုင်မြို့အဝင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မြိုင်မြို့အဝင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့အဝင်စစ်ဆေးရေးဂိတ်(မန္တလေးမြို့အထွက်ဂိတ်)၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မဟာမိတ်အဖွဲ့များက ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



၎င်းစစ်ကောင်စီတပ်ဂိတ်ကို မဟာမိတ်တပ်များက R7 ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဂိတ်၏ ဘန်ကာတည့်တည့်သို့ ကျရောက်ပေါက်ကွဲပြီး (၄၅)မိနစ်အကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။



တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူရှိပြီး တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၂ - တပ်ခွဲ(၁)၊ တပ်ခွဲ(၃)၊ ရေစကြိုမြို့နယ် ပကဖ၊ Salingyi Special Task Force-SSTFနှင့် Earthquake People’s Defence Forceတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



မဟာမိတ်အဖွဲ့များသည် စစ်ကောင်စီတပ်၏ မြို့ပြစစ်ဆေးရေးဂိတ်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်နေပြီး မကြာမီအချိန်တွင် မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲနိုင်တော့မည်ဖြစ်ကြောင်း Earthquake People’s Defence Forceက သတင်းထုတ်ပြန်ထားသည်။



#TachileikNewsAgency

Photo : Earthquake People’s Defence Force