ကြို့ပင်ကောက်မြို့နယ်တွင် CDM ဆင်များအား လာရောက်ဖမ်းဆီးသည့် ပျူစောထီးများနှင့် သစ်တောဝန်ထမ်းများကို အရက်သောက်နေစဉ် ဖမ်းဆီးရမိ 

ကြို့ပင်ကောက်မြို့နယ်တွင် CDM ဆင်များအား လာရောက်ဖမ်းဆီးသည့် ပျူစောထီးများနှင့် သစ်တောဝန်ထမ်းများကို အရက်သောက်နေစဉ် ဖမ်းဆီးရမိ 
ဖေဖော်ဝါရီ 18, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်တွင် CDM ဆင်များအား လာရောက်ဖမ်းဆီးသည့် ပျူစောထီးများနှင့် သစ်တောဝန်ထမ်းများကို အရက်သောက်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း Yoma GBK PDFက ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ကြိုပင်ကောက်မြို့နယ် ကုန်းရွာမှ ပျူစောထီးများနှင့် သာယာဝတီခရိုင် သစ်တောအုပ် ကျော်ဆန်းဝင်း၊ ကျော်စွာဝင်း၊ ခင်ရင်၊ ဇော်ဝင်းနှင့် သက်နိုင်ထွန်းဆိုသူတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ဝန်ထမ်းကတ်(၃)ခု၊ ဆိုင်ကယ် (၃)စီးနှင့် ဖုန်း(၅)လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

၎င်းတို့သည် CDM ပြုလုပ်ထားသည့် ဆင်များအား လာရောက်ဖမ်းဆီးခြင်း၊ PDF တပ်များ နေထိုင်ရာနေရာများကို စုံစမ်းလေ့လာခြင်း၊ ဆင်ဝိုင်းကျေးရွာ ဆင်စခန်းကိုမီးရှို့ခြင်း၊ PDF ရဲဘော်များ၏ တည်နေရာများကို သတင်းပေးခြင်းနှင့် လမ်းကြောင်းပြခြင်းတို့ကို ပြုလုပ်ခဲ့သူများဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: YOMA GBK