သန်လျင်တွင် အာဏာသိမ်းအဖွဲ့၏ လက်အောက်ခံ ရဲလိုင်းခန်း သတိပေး ဖေါက်ခွဲခံရ

သန်လျင်တွင် အာဏာသိမ်းအဖွဲ့၏ လက်အောက်ခံ ရဲလိုင်းခန်း သတိပေး ဖေါက်ခွဲခံရ
ဇန်နဝါရီ 7, 2022 | အခြားဒေသများ



ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ ပြည်တော်သာလမ်းရှိ အကြမ်းဖက်အာဏာသိမ်းအဖွဲ့၏ ရဲလိုင်းခန်းကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့ နက် (၇)နာရီဝန်းကျင်က ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း Urban Phoenix Force က ထုတ်ပြန်ကြေညာထားသည်။ 

 ယင်းဖောက်ခွဲမှုသည် ပြည်သူလူထုဘက်ရပ်တည်ရန် ကျန်‌နေသည့် ရဲဝန်ထမ်းများနှင့် မိသားစုဝင်များကို အမြန်ဆုံးရပ်တည်ရန် သတိပေးဖောက်ခွဲခြင်းဖြစ်ကြောင်း Urban Phoenix Force ကဆိုသည်။

နောက်နောင်တွင် အကြမ်းဖက်အာဏာသိမ်းအဖွဲ့ဘက် ရပ်တည်နေသည့် စစ်ကျွန်များကို ပြင်းထန်သောအရေးယူမူများပြုလုပ်မည်ဖြစ်ကာ ပြည်သူ့ဘက် အမြန်ဆုံးရပ်တည်ကြရန် နောက်ဆုံးအကြိမ် သတိပေးလိုက်သည်ဟုလည်း Urban Phoenix Force က ထုတ်ပြန်ထားသည်။